Contact Us
+95 9979 949 994
+95 9961 009 977
M7, 3rd Ngu Wah Street, 5th ward, Hlaing Township, Yangon, 11052
Mon - Sat
9 am - 5 pm
FAQs
ကုန်စည်မှာ hijet, light truck, ဘောက်စ်ကား ဆိုဒ်မျိုးစုံ, ၆ ဘီး, ၁၂ ဘီး နဲ့ ၂၂ ဘီး တွဲကားများ ငှားရမ်းနိုင်ပါတယ်။
ကုန်စည်ရဲ့ ကားဆရာများနဲ့ အဖွဲ့သားများက သင့်အတွက် အချိန်ကန့်သတ်ချက်မရှိ ဝန်ဆောင်မှုပေးပါတယ်။ ဒါကြောင့် အချိန်မရွေး ကုန်ကား အော်ဒါ တင်နိုင်ပါတယ်။
ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ ရှိတဲ့ Retail စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊ Hotel များ၊ Coffee ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကို တင်ပို့ရောင်းချနေတဲ့ လူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်းများကို ဆိုင်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုမျိုး ကုန်စည်မှာ ရနိုင်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တွင်းသာမက အခြားမြို့များသို့ ကုန်ကားစင်းလုံး ငှားရမ်းချင်ရင်လည်း ကုန်စည်မှာ ငှားရမ်းနိုင်ပါတယ်။
လူကြီးမင်းရဲ့ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး လုပ်သားအကူ ငှားရမ်းနိုင်ပါတယ်။
ကုန်ပစ္စည်းပို့ပြီးကြောင်း လက်ခံစာရွက်ကို ကုန်စည်မှ လူကြီးမင်းထံ ပြန်လည် ပေးပို့ပေးပါတယ်။ အကယ်၍ လူကြီးမင်းသည် ကုန်စည်ရဲ့ ဝန်ဆောင်မှုကို ဆက်လက်သုံးစွဲမည် ဆိုပါက ပစ္စည်းပို့ပြီးကြောင်း လက်ခံစာရွက်ကို ပြန်လည်ပေးပို့ပေးခြင်းသည် အခကြေးငွေ ကောက်ခံမည်မဟုတ်ပါ။ သို့သော် ပစ္စည်းပို့ပြီး ၃ ရက်အတွင်း ပြန်လည် ပေးပို့ရမည်ဆိုပါက တည်နေရာတစ်ခုကို ၁၀၀၀ ကျပ် ကောက်ခံပါမည်။
ကုန်စည်မှာ ကုန်ပစ္စည်းအာမခံဝန်ဆောင်မှုလုပ်ငန်းများနဲ့ ချိတ်ဆက်ထားပါတယ်။ လူကြီးမင်းရဲ့ ကုန်ပစ္စည်းကို ကုန်အာမခံထားရှိလိုပါက အာမခံဝန်ဆောင်ခ ထပ်မံ ပေးဆောင်ရပါမယ်။